မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏၊ ၂၀၁၆ခုနှစ်အတွက် ပထမလပတ်အစည်းအဝေးကို ဇန္နဝါရီလ (၁၈) ရက်နေ့က၊ UMFCCI စတုတ္ထထပ် အစည်းအဝေးခန်းမတွင် ကျင်းပ
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏၊ ၂၀၁၆ခုနှစ်အတွက် ပထမလပတ်အစည်းအဝေးကို ဇန္နဝါရီလ (၁၈) ရက်နေ့က၊ UMFCCI စတုတ္ထထပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး ... ၂၀၁၆ ခုနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို တက်ရောက်သူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြရာ ...
(၁) ရန်ကုန်နှင့် မန္တလေးမြို့များတွင် လက်လီလုပ်ငန်းဆိုင်ရာ သင်တန်းများ ဖွင့်လစ်သွားရန်
(၂) နှစ်လတစ်ကြိမ် Knowledge Sharing Sessions များကျင်းပ သွားရန်
(၃) တိုင်းဒေသများအလိုက် တာဝန်ခွဲဝေဆောင်းရွက်နိုင်းရေးကိစ္စများနှင့် အသင်းသားတိုးပွားရေး အစီအစဉ်များစီစဉ်ဆောင်ရွက်သွားရန်
(၄) မန္တလေးတိုင်းဒေသကြီး လက်လီရောင်းချသူများအသင်း၏ စုစည်းပံ့ပိုးမှု၊ ဒေသခံများ၏ တက်ကြွစွာပါဝင်မှုဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် အသင်းခွဲအောင်မြင်စွာ ဖွဲ့စည်းနိုင်ခြင်း
(၅) နှစ်ပတ်လည်နှင့် သုံးလပတ်ဟောပြောပွဲနှင့် လစဉ်အစည်းအဝေး များအတွက် နေ့ရက်များသတ်မှတ်ခြင်း တို့ကိုဆွေးနွေးခဲ့ကြပြီး
(၆) ကော်မတီများအလိုက် ဆောင်ရွက်မည့်ကိစ္စများကို ဖေဖော်ဝါရီလ၊ (၁၉)ရက်နေ့ လစဉ်အစည်းအဝေးတွင် ပြန်လည်တင်ပြသွားကြရန် သဘောတူညီခဲ့ကြသည်။