8-12-2016
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ကြီးမှူးကျင်းပသော လက်လီလုပ်ငန်းများနှင့် ဆက်နွယ်သည့် အကြောင်းအရာများဆွေးနွေးပွဲသို့ တက်ရောက်ပါရန်လေးစားစွာ ဖိတ်ကြားခြင်း
မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းမှ (၂) လ တစ်ကြိမ် ကျင်းပမြဲဖြစ်သော လက်လီလုပ်ငန်းများနှင့် ဆက်နွယ်နေသည့် သိကောင်းစရာ အကြောင်းအရာများကို ဟောပြောဆွေးနွေးသည့် " Networking and Refreshments" အစီအစဉ်သို့ တက်ရောက်ပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။ ယခု အကြိမ်တွင် DHL Supply Chain - Thailand & Myanmar မှ General Manager Mr.Shisanupong Pitidhanyasawasdi က "Supply Chain Evolution For Modern Retail" ခေါင်းစဉ်ဖြင့် ဟောပြောသွားမည် ဖြစ်ပါသည်။