မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(ရှမ်းပြည်နယ်)နှစ်ပတ်လည်နေ့အခမ်းအနား
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(ရှမ်းပြည်နယ်)နှစ်ပတ်လည်နေ့အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မိုးလုံလေလုံ အားကစားခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဦးစိုင်းညွန့်လွင်၊ မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းချုပ် ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့မှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ ဒေသခံ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (ရှမ်းပြည်နယ်)၏ ဥက္ကဋ္ဌ ဦးအောင်ဝင်း၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များနှင့် အသင်းဝင်များ၊ လက်လီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
ရှမ်းပြည်နယ်ရှိ လက်လီလုပ်ငန်းများမြှင့်တင်နိုင်ရေး အသိပညာပေးခြင်းကို Device မှ ဆရာကြီး ဦးတင်ဇံကျော် (Tin Zan Kyaw) နှင့် AYA Bank မှMD ဆရာကြီးဦးမြင့်ဇော် (@Myintzaw Zaw) တို့ဟောပြောပေးခဲ့ပြီး ဧည့်ပရိတ်သတ် (၇၀၀)ကျော် တက်ရောက်အားပေးခဲ့ကြပါသည်။