17-6-2018

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (မကွေးတိုင်းဒေသကြီး) ဖွဲ့စည်းနိုင်ရန် လက်လီလုပ်ငန်းရှင်များနှင့်တွေ့ဆုံရှင်းလင်းခြင်း နှင့် အသင်းအလုပ်အမှုဆောင်အဖွဲ့ (ယာယီ) ဖွဲ့စည်းခြင်း အခမ်းအနား

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (မကွေးတိုင်းဒေသကြီး) ဖွဲ့စည်းနိုင်ရန် လက်လီလုပ်ငန်းရှင်များနှင့်တွေ့ဆုံရှင်းလင်းခြင်းနှင့် အသင်းအလုပ်အမှုဆောင်အဖွဲ့ (ယာယီ) ဖွဲ့စည်းခြင်း အခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဇွန်လ၊ (၁၇)ရက်နေ့နံနက် (၁၀)နာရီမှာ မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနျှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးမှာကျင်းပခဲ့ပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (အသင်းချုပ်)မှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ အထွေထွေအတွင်းရေးမှူး ဦးသူရိန်ငြိမ်းတို့တက်ရောက်ရှင်းလင်းခဲ့ကြပြီး၊ မကွေးမြို့ စက်မှုနှင့်ကုန်သည်အသင်းဥက္ကဋ္ဌ ဦးစိန်အေးမောင်၊ စည်ပင်သာယာရေးကော်မတီဝင် ဦးဖိုးနီတို့မှ အမှာစကားပြောကြားပေးခဲ့ကြပါတယ်။ အစည်းအဝေးသို့ တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းဆွေးနွေးခဲ့ကြပြီး၊ အလုပ်အမှုဆောင်အဖွဲ့ (ယာယီ)၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးနျှင့် အလုပ်အမှူဆောင်အဖွဲများကို ရွေးချယ်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (မကွေးတိုင်းဒေသကြီး)၏ အလုပ်အမှုဆောင်အဖွဲ့ (ယာယီ)အနေဖြင့် မကွေးတိုင်းအတွင်းရှိ လက်လီလုပ်ငန်းရှင်များနှင့်ဆက်လက်တွေ့ဆုံစည်းရုံးသွားကာ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (မကွေးတိုင်းဒေသကြီး) အသင်းဖွဲ့စည်းကြောင်းကြေငြာခြင်းအခမ်းအနားကို လာမည့်လအနည်းငယ်အတွင်း ကျင်းပသွားမည်ဖြစ်ပါသည်။