27-3-2017

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း - ရှမ်းပြည်နယ်တောင်ပိုင်း၊ အသင်းဖွဲ့စည်းခြင်းနဲ့အလုပ်အမှုဆောင်ရွေးချယ်ပွဲအခန်းအနားကို ၂၇-၃-၂၀၁၇ နံနက် (၉:၃၀)မှ (၁၂:၀၀)နာရီတွင်ကျင်းပ

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း - ရှမ်းပြည်နယ်တောင်ပိုင်း၊ အသင်းဖွဲ့စည်းခြင်းနဲ့အလုပ်အမှုဆောင်ရွေးချယ်ပွဲအခန်းအနားကို ၂၇-၃-၂၀၁၇ နံနက် (၉:၃၀)မှ (၁၂:၀၀)နာရီတွင်ကျင်းပခဲ့ရာ ...

အသင်းဥက္ကဌ ဒေါ်ဝင်းဝင်းတင့်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ စီးပွားရေနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မှ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမြင့်သန်းမှ အသင်းဖွဲ့စည်းနိုင်မှုကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

၎င်းနောက် ဘဏ်များမှလက်လီလုပ်ငန်းများအပေါ်ကူညီပံ့ပိုးပေးနိုင်မှု ခေါင်းစဉ်ဖြင့်၊ AYA Bank ၏ Retail Banking Director ဦးသူရမောင်မှလည်းကောင်း၊ လက်လီအသင်းသို့ဘာကြောင့် ဝင်ရောက်သင့်သလဲ ခေါင်းစဉ်ဖြင့် လက်လီဖွံ့ဖြိုးရေးကော်မတီ တာဝန်ခံ၊ အသင်း၏ ဒုတိယဥက္ကဌ ဒေါ်တင်စုလှိုင်မှလည်းကောင်း ဟောပြောဆွေးနွေးပေးခဲ့ ပါတယ်။

အခန်းအနားအစီအစဉ်အရ အသင်းအမှုဆောင်ရွေးချယ်ပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး၊ အသင်းဥက္ကဌအဖြစ် ဦးအောင်ဝင်းကြီး ကိုရွေးချယ်တင်မြောက်ခဲ့ကြပါတယ်။