20-5-2017
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း သုံးလပတ်အစည်းအဝေး
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း သုံးလပတ်အစည်းအဝေးကို မေလ (၁၉) နေ့လည် (၁) နာရီတွင် UMFCCI စတုထ္ထထပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ အသင်းချုပ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်းနယ် (တောင်ပိုင်း)တို့မှ ဥက္ကဌနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ရင်းနှီးမြုပ်နှံခွင့်ဥပဒေ၊ အခွန်ကောက်ခံမှုစနစ်နှင့် မိရိုးဖလာလက်လီဆိုင်များအတွက်အခက်အခဲ၊ အသင်းဝင်များနှင့်လက်လီဆိုင်များအတွက် အကျိုးပြုနိုင်မည့် အစီအစဉ်များ ပူးပေါင်းလုပ်ဆောင်ရန် ... စသည်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။
တစ်ဆက်တည်းမှာပင် "How To Grow FMCG Retail Shop" ခေါင်းစဉ်ဖြင့် Unique Network Marketing company, Managing Director - ဦးဇော်မျိုးလှိုင်မှ ဟောပြောပို့ချပေးခဲ့ရာ အသင်းသူ အသင်းသားများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။