မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း အလုပ် သမားအလုပ်အကိုင်နှင့်ပတ်သက်ပြီးဆွေးနွေးခြင်း
မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း အလုပ်သမားအလုပ်အကိုင်နှင့်ပတ်သက်ပြီးဆွေးနွေးခြင်း အစည်းအဝေးပွဲကို ဇူလိုင်လ ၂၇ရက်နေ့ ၂၀၁၄ခုနှစ်၌ ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးပွဲ၌ အလုပ်သမား အလုပ်အကိုင်နှင့် ပတ်သတ်၍ ဆွေးနွေးရာတွင် ဝန်ထမ်းများကို ၁၁ နာရီထိသာ ခိုင်းလို့ရသောနေရာတွင် Convenience Store ကဲ့သို့ လူသုံးကုန်ရောင်းသော ဆိုင်များကို ၂၄ နာရီ ဖွင့်ပေးရန်၊ အလုပ်သမားများကို တစ်ပတ်လျှင် ၄၈ နာရီထက်ပိုမခိုင်းရန်၊ အလုပ်သမား အလုပ်အကိုင် တွင် ပြစ်မူပြစ်ဒဏ်ကို ထောင်ဒဏ်အထိသတ်မှတ်ထားခြင်းကို ထောင်ဒဏ်ကို ပယ်ဖျက်ပေးရန်၊ ပြစ်မူပြစ်ဒဏ်တွင် Manager မပါသည့်အတွက် Manager ပါထည့်သွင်းပေးရန်၊ အခြေခံလစာကို အစိုးရဝန်ထမ်း သတ်မှတ်ထားသော လစာအတိုင်းပေးရန်၊ လုပ်ခလစာ တွင် အချိန်ပိုကြေး ရက်မှန်ကြေး ထည့်သွင်းခွင့်မပြုရန် တို့ကို အဓိကထားပြောကြားသွားသည်။