မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၁၉ ကြိမ်မြောက် အစည်းအဝေး။[ စက်တင်ဘာလ (၃၀)ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၁၉ ကြိမ်မြောက် လစဉ် ပုံမှန် အစည်းအဝေးကို စက်တင်ဘာလ (၃၀)ရက်နေ့ ၂၀၁၄ခုနှစ် အင်္ဂါနေ့ နေ့လည် (၄:ဝဝ)နာရီတွင် City Mart Holding Group အစည်းဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမူကော်မရှင် မှ ထုတ်ပြန်ခဲ့သော အမိန်ကြောငြာစာအမှတ် 1/2013 အား အစားထိုးရန်ထုတ်ပြန်ခဲ့သော အမိန့်ကြောငြာစာအမှတ် အသစ် 49/2014 နှင့် 50/2014 တို့နှင့်ပတ်သက်သော အခြေအနေများကို ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း အနေဖြင့် FAPRA သို့အသင်းဝင်သည့် အခြေအနေအား ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း "MMRA" အစား "MMRA" သို့ ပြောင်းလဲခေါ်ဆိုနိုင်ရန် အတွက် ဆွေးနွေးခြင်း၊ နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင် မှ အကြောင်းပြန်လာသော Pro Mart Myanmar နှင့် ပတ်သတ်၍ ဆွေးနွေးခြင်းများကို ဥက္ကဌ ဒေါ်ဝင်းဝင်းတင့်မှ ဆွေးနွေးတင်ပြသွားပြီး အစည်းအဝေး တက်ရောက်သူများမှ "The Workshop on Distribution Policy for Myanmar" ကို တက်ရောက် ရန်စိတ်ပါဝင်စားသော အသင်းဝင်များ ထဲမှ သတ်မှတ်အရည်အချင်းနှင့် အကိုက်ညီဆုံးသူ (၁၇) ဦးအား စနစ်တစ်ခုချမှတ်၍ ရွေးချယ်နိုင်ရန် ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့အပြင် အစည်းအဝေး၌ ဒုတိယ ဥက္ကဌ ဒေါ်ခင်မျိုးသက်မှ သြဂုတ်လ ၂၆ ရက်နေ့တွင်ကျင်းပ ပြုလုပ်ခဲ့သည့် 2014 Myanmar Retailer Conference ၏ ရသုံးငွေစာရင်း ရှင်းတမ်း အကျဉ်းချုံးကိုတင်ပြခြင်း နှင့် ဒေါ်ဝေသစ်လွင်မှ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းTraining Center ထားရှိနိုင်ရန်အတွက် လက်ရှိဆောင်ရွက်နေသော Training Center များမှ ပေးပို့ထားသော Training Proposal များကို ပညာရေးကော်မတီမှ ဆွေးနွေးရန် နှင့် ကျန်အစည်းဝေးတက်ရောက်သူများမှ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ရုံးခန်းနှင့် ဝန်ထမ်းနှစ်ဦး ခန့်အပ်ထားရှိရန် အတွက် ဆွေးနွေးခြင်း နှင့် ဦးမျိုးမင်းအောင် အလုပ်သမား အလုပ်အကိုင်နှင့် ပတ်သတ်၍ ဆွေးနွေးခြင်းများပြောကြားဆွေးနွေးခဲ့သည်။