August 2019

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းကြီး၏ ဆဌမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးပွဲကြီး

29-8-2019

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းကြီး၏ ဆဌမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးပွဲကြီး

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းကြီး၏ ဆဌမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးပွဲကြီးကို ၉.၈.၂၀၁၉ရက်နေ့က UMFCCI ရှိ MMRA ရုံးတွင် အသင်းသားများ စုံညီစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

AYA Bank နှင့် Myanmar Retailers Association (MMRA) တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနား

21-8-2019

AYA Bank နှင့် Myanmar Retailers Association (MMRA) တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနား

Myanmar Retailers Association (MMRA)၏ ၂၀၁၉-၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ဟောပြောဆွေးနွေးပွဲများ၊ လုပ်ငန်းစဉ်များတွင် ဧရာဝတီဘဏ်မှ Official Financial Partner အဖြစ် ဆောင်ရွက်ပေးသွားမည့် အကြောင်း နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၉ ခုနစ်၊ သြဂုတ်လ (၁၆)ရက်နေ့ ညနေ (၂)နာရီတွင် AYA Bank (River View Condo) ၌ ကျင်းပခဲ့ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ဧရာဝတီဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်နှင့် MMRA ၏ ဥက္ကဌ ဦးသူရိန်ငြိမ်းတို့မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဧရာဝတီဘဏ်မှ တာဝန်ရှိသူများ၊ MMRA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဆဌမအကြိမ်မြောက် Myanmar FoodBev နှင့် စတုတ္ထအကြိမ်မြောက် Myanmar Retail Sourcing Expo 2019 ပွဲအခမ်းအနား

18-8-2019

ဆဌမအကြိမ်မြောက် Myanmar FoodBev နှင့် စတုတ္ထအကြိမ်မြောက် Myanmar Retail Sourcing Expo 2019 ပွဲအခမ်းအနား

Myanmar Retail Sourcing Expo သည် မြန်မာနိုင်ငံမှ အရောင်းဆိုင်လုပ်ငန်းရှင်များကို ဆိုင်ခန်းပြင်ဆင်တည်ဆောက်မှု နည်းပညာများ၊ အရောင်းဆိုင်ခန့်ခွဲမှုစနစ်၊ ပရိဘောဂနှင့် ဆိုင်များသို့ အရောင်းကုန်ဖြည့်တင်းခြင်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံချိတ်ဆက်ပေးရန်ဖြစ်ပါတယ်။ ပြည်တွင်းနှင့် နိုင်ငံတကာမှ ကုမ္ပဏီနှင့် ကုန်အမှတ်တံဆိပ်ပေါင်း ၆၀ ကျော် ပါဝင်ပြခဲ့ပြီး ။ဤပြပွဲကြီးသည် ထွန်းကားလာသော မြန်မာ့စီးပွားရေးအတွက် ထူးခြားသော အခွင့်အလမ်းကောင်းများကို ဖန်တီးပေးနိုင်မယ့် ပွဲကြီးတစ်ပွဲဖြစ်တယ်လို့ မျှော်လင့်မိပါတယ်။

မြန်မာလက်လီရောင်းချသူများအသင်း (Myanmar Retailers Assiociation) မှ ကြီးမှူးဦးဆောင်ပြီး သြဂုတ်လ16ရက်နေ့မှာတော့ ၁နာရီကနေ့၅ခွဲအထိ Business Matching ကို
ကုမ္ပဏီမှတာဝန်ရှိသူတွေကလာရောက်ဆွေးနွေးပေးခဲ့ပြီး
အဆိုပါပွဲလေးမှာတော့ တက်ရောက်သူမျာနဲ့အတူသိလိုသမျှတွေကို အပြန်အလှန်မေးမြန်းဆွေးနွေးတဲ့ စကားဝိုင်ေးလးအနေဲ့ကျင်းပပြုလုပ်ခဲ့ပြီးတော့
"Panel Discussion : How Franchise Business Work” သြဂုတ်လ ၁၇ ရက်နေ့ (အချိန်- နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီထိ) ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားမှာတော့ ဒီနေ့ခေတ် Retail Sector မှာ ပြောင်းလဲနေတဲ့ Trend တွေ ၊ ရင်ဆိုင်ရမဲ့ Challenge တွေအတွက် နယ်ပယ်အသီးသီးက အတွေ့အကြုံရင့် Industrial Expert တွေကို ဖိတ်ခေါ်ပြီး မိမိတို့ နယ်ပယ်ဆိုင်ရာရှိ အသိအမြင်နှင့် အတွေ့အကြုံများကို Panel Discussion ပုံစံဖြင့် ဆွေးနွေးဖလှယ်ပေးခဲ့ပါတယ်။
Panelist တွေကတော့
၁။ ဦးသူရမောင်
Director of retail banking at AYA Bank
၂။ ဒေါ်ခိုင်သစ်လွင်
Group Executive Director at TMW Enterprise Limited & Owner of MDS Myanmar
၃။ ဒေါ်နန်းကလျာဝင်း
Executive Director at Pitichanthar
၎။ ဦးအောင်ဘိုဘို (Alvin BoBo)
General Manager, City Express
Moderator အဖြစ် ဦးအောင်ချစ်ခင်
Founder and Managing Director, Strategy First University
Editor-in-Chief, Putet Comics Weekly & Mobile Application တို့ကဟောပြောခဲ့ပါတယ်။


16-8-2019





Unicode ဖြင့်ဖတ်ရန်
မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းမှ ကြီးမှုးကျင်းပတဲ့
Introducing Modern Retail Workshop အခမ်းအနားကို သြဂုတ်လ ၁၄-၁၅ ရက်နေ့
တွင် တောင်ကြီးမြို့မှ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားတွင် Strategy First University မှ ဆရာမ
ဒေါ်သော်တာထွေး က ဦးဆောင်ဆွေးနွေး သင်ပြပေးခဲ့ပြီး
သင်တန်းသား ဦးရေ ၂၅ ဦး တက်ရောက်ခဲ့ပါတယ်။

သင်တန်းသားများ လက်ရှိရင်ဆိုင်နေရသော ပြသနာများကို case study များဖြင့် နှိုင်းယှဉ်ပြသခဲ့ပြီး Retail Summit နဲ့ Retail Study Tour (outbound) ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

Panel Discussion : How Franchise Business Work”

Panel Discussion : How Franchise Business Work”

မြန်မာလက်လီရောင်းချသူများအသင်း (Myanmar Retailers Assiociation) မှ ကြီးမှူးဦးဆောင်ပြီး "Panel Discussion : How Franchise Business Work” ကို သြဂုတ်လ ၁၇ ရက်နေ့ (အချိန်- နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီထိ) ပြုလုပ်သွားမှာဖြစ်လို့ ကြွရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ဒီနေ့ခေတ် Retail Sector မှာ ပြောင်းလဲနေတဲ့ Trend တွေ ၊ ရင်ဆိုင်ရမဲ့ Challenge တွေအတွက် နယ်ပယ်အသီးသီးက အတွေ့အကြုံရင့် Industrial Expert တွေကို ဖိတ်ခေါ်ပြီး မိမိတို့ နယ်ပယ်ဆိုင်ရာရှိ အသိအမြင်နှင့် အတွေ့အကြုံများကို Panel Discussion ပုံစံဖြင့် ဆွေးနွေးဖလှယ်ပေးမှာဖြစ်ပါတယ်။

Panelist တွေကတော့
၁။ ဦးသူရမောင်
Director of retail banking at AYA Bank
၂။ ဒေါ်ခိုင်သစ်လွင်
Group Executive Director at TMW Enterprise Limited & Owner of MDS Myanmar
၃။ ဒေါ်နန်းကလျာဝင်း
Executive Director at Pitichanthar
၎။ ဦးအောင်ဘိုဘို (Alvin BoBo)
General Manager, City Express

Moderator အဖြစ် ဦးအောင်ချစ်ခင်
Founder and Managing Director, Strategy First University
Editor-in-Chief, Putet Comics Weekly & Mobile Application

ဒီပွဲကိုဘယ်သူတွေတက်ရောက်နားထောင်သင့်ပါသလဲ?

လက်ရှိလက်လီလုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ Retail Sector မှာ ဝင်ရောက်လုပ်ကိုင်နေသူတွေအားလုံး တက်ရောက်နားထောင်သင့်ပြီး၊ ကိုယ့်လုပ်ငန်းမှာကြုံတွေ့နေရတဲ့ ရင်ဆိုင်မှု့တွေကိုလည်း panelists များနှင့် ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

မြန်မာဘာသာနဲ့ပဲ ဆွေးနွေးသွားမှာဖြစ်ပြီး ထိုင်ခုံနေရာ ကန့်သတ်ထားပါသဖြင့် ကြိုတင် စာရင်းပေးသွင်းရန်လိုအပ်ပါသည်။
တက်ရောက်မည့်သူများ varinthorn@icvex.com သို့ E-Mail ပို့၍ ကြိုတင်(အခမဲ့) စာရင်းပေးသွင်းနိုင်ပါတယ်။

မြန်မာနိုင်ငံက အစားအသောက်လုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် လက်မလွတ်သင့်တဲ့ ဆဋ္ဌမအကြိမ်မြောက် Myanmar FoodBev နဲ့ စတုတ္ထအကြိမ်မြောက် Myanmar Retail Sourcing Expo ပွဲကြီးတွေကို သြဂုတ်လအတွင်းမှာ ထပ်မံကျင်းပသွားတော့မှာဖြစ်ပါတယ်။ ပွဲရက်တွေကတော့
သြဂုတ်လ ၁၅ - ၁၇ ရက်
မနက် ၉ နာရီခွဲ မှ ၅ နာရီခွဲအထိ
 နေရာ - တပ်မတော်ခန်းမ၊ ဦးဝိဇာရလမ်း၊ ရန်ကုန်မြို့
ဝင်ကြေး - အခမဲ့
ကြိုတင်စာရင်းပေးရန် - http://www.myanmarfoodbev.com/visitoregis/
 

Effective Management Skill for Retail Service Certificate Awarding Ceremony

30-7-2019

Effective Management Skill for Retail Service Certificate Awarding Ceremony

၂၈.၇.၂၀၁၉ ရက်နေ့တွင် မြေနီကုန်း Strategy First တွင်ပြုလုပ်သည့် Effective Management Skill for Retail Service သင်တန်းတွင် သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပါသည်။