မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ကျင်းပမည့် ဟောပြောဆွေးနွေးပွဲများနှင့် ပတ်သက်၍ သတင်းနှင့်စာနယ်ဇင်းများအားအသိပေးရှင်းလင်းခြင်း [၁၂ရက်နေ ဇွန်လ ၂၀၁၃ခုနစ်]
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ပထမဆုံးအကြိမ်ပြုလုပ်မည့်ဟောပြောဆွေးနွေးပွဲများနှင့် ပတ်သက်၍ သတင်းနှင့်စာနယ်ဇင်းများအား အသိပေးရှင်းလင်းပွဲကို ၂၀၁၃ခုနစ် ဇွန်လ ၁၂ရက်နေ့ နံနက် ၉း၃၀ အချိန်၌ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး (UMFCCI)၊ တတိယထပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ မြန်မာလက်လီရောင်းချသူများအသင်းအနေဖြင့် ပထမအကြိမ်ဟောပြောပွဲကို ၂၀၁၃ခုနစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် "လက်လီလုပ်ငန်း မိတ်ဆက် (Introduction to Retail Industry)" ခေါင်းစဉ်ဖြင့် ကဏ္ဍသုံးပိုင်းခွဲ၍ ဟောပြောမှာဖြစ်ပြီး အုပ်စုလိုက်အပြန်အလှန်ဆွေးနွေးခြင်းကို လည်းပြုလုပ်မည်ဟု သိရှိရပါသည်။ ဒုတိယအကြိမ်ဟောပြောပွဲတွင် "ထိရောက်သော လက်လီစီးပွားရေးလုပ်ငန်းတစ်ခု မည်သို့ဆောင်ရွက်မည်( How to Run Retail Business Efficiently) " ခေါင်းစဉ်ဖြင့် သြဂုတ်လ (၂၄) ရက်နေ့တွင် တစ်ကြိမ်၊ တတိယအကြိမ်ဟောပြောပွဲကို "သင်၏လက်လီလုပ်ငန်းတိုးတက်အောင်မြင်အောင် မည်သို့လုပ်ဆောင်နိုင်မည်နည်း (How You can Grow Your Retail Business)" ခေါင်းစဉ်ဖြင့် စက်တင်ဘာလ (၂၈)ရက်နေ့တွင် ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အထိုပါ ဟောပြောဆွေးနွေးပွဲနေ့များတွင်လည်း အသင်းဝင်များ ကို စတင်လက်ခံသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။