Myanmar Retailers Conference 2014[သြဂုတ်လ ၂၆ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံ လက်လီလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လက်လီလုပ်ငန်းလုပ်ကိုင်နေသူများ အကျိုးရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ Myanmar Retailers Conference ကို သြဂုတ်လ ၂၆ရက်နေ့ ၂၀၁၄ခုနှစ်တွင် MCC ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးပွဲသို့ လက်လီလုပ်ငန်းလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များ၊ အုပ်ချုပ်သူများ၊ ဝန်ထမ်းများအားလုံး ကြွရောက်ချီးမြင့်ခဲ့ကြသည်။ ယင်းအစည်းအဝေးပွဲတွင် အာရှဒေသအတွင်းရှိ လက်လီလုပ်ငန်းများ၏ အခြေအနေနှင့် ဆန်းသစ်ပြောင်းလဲခြင်းအားဆွေးနွေးခြင်း နှင့် ပတ်သက်ပြီး (၁) လက်လီရောင်းချသောလုပ်ငန်း လမ်းကြောင်းပုံစံတွေ အရှိန်အဟုန်နှင့် ပြောင်းလဲလာမူ။ (၂) ကုန်ပစ္စည်းများ ပြောင်းလဲလာမူ။ (၃) လက်လီဆိုင်များမှ စားသုံးသူဆီသို့ ကုန်ပစ္စည်းများရောင်းချမှုပုံစံ ပြောင်းလဲလာမူ တို့တွင် အာရှဒေသတွင်ရောက်ရှိနေသောပုံစံများအား Ms. Srivoravilai Runchita မှတင်ပြရှင်းလင်းသွားသည်။ အခွန်နှင့်ပတ်သတ်၍ဆွေးနွေးခြင်းကို ပါမောက္ခ ဒေါက်တာ ဦးအောင်ထွန်းသက်၊ ဘဏ္ဍရေးနဲ့ အခွန်ဝန်ကြီးဋ္ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇေယျာကြည်ညွှန့်၊ ဦးဝမ်းတင့်၊ ဒေါ်ဝင်းဝင်းတင့် နှင့် ဒေါ်ဝေသစ်လွင် တို့မှ ရှင်းလင်းတင်ပြခဲ့ပြီး Panel Discussion (အုပ်စုလိုက်ဆွေးနွေးချက်များ) လည်းပြုလုပ်ခဲ့ပါသည်။