မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (Myanmar Retailers Association, MMRA) - ILO နှင့် Coca-Cola တို့ပူးပေါင်းကာ ဖွံဖြိုးတိုးတက်လာသော လက်လီကဏ္ဍအတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များ ရရှိစေရန် ရည်ရွယ်၍ လက်လီ စီးပွားရေး ကျွမ်းကျင်မှု သင်တန်းကို ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ MMRA - ကိုကာကိုလာ- လက်လီစီးပွားရေး ကျွမ်းကျင်မှု သင်တန်းကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၇,၁၈ )ရက်နေ့ထိ (၂) ရက်ကြာ အချိန်ပြည့် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ရုံးခန်း တွင် ဖွင့်လှစ် သွားမည် ဖြစ်ပါသည်။
လက်လီလုပ်ငန်း လုပ်ကိုင်နေသူများအတွက် လက်တွေ့ လုပ်ငန်းခွင် တွင် အသုံးချ သွားနိုင်မည့် စာတွေ့လက်တွေ့ ပေါင်းစပ် သင်ကြားမှုများ ပေးသွား မည် ဖြစ်ပါသည်။
သင်တန်းပြီးဆုံးပါက သင်တန်းဆင်း Certificate ချီးမြှင့်မည် ဖြစ်ပါသည်။သင်တန်းသားဦးရေကို (၂၀) ဦးထိ လက်ခံသွားမည် ဖြစ်ပါသဖြင့် တက်ရောက်လိုသူများ သည် နိဝင်ဘာလ (၁၅) ရက်နေ့နောက်ဆုံးထား၍ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သင်တန်းကြေးမှာ Member- ၂၀၀၀၀ ကျပ်၊ Member မဟုတ်သူများ - ၅၀၀၀၀ ကျပ်
အသေးစိတ်သိရှိလိုပါက
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း
ရုံးဖုန်းနံပါတ် ၀၉၄၅၇၆၉၄၂၄၆ သို့လည်းကောင်း၊ info@mmramyanmar.com
သို့လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။