3-July-2023

“World Bank Myanmar Economic Monitor” စကားဝိုင်းဆွေးနွေးပွဲ

ကမ္ဘာ့ဘဏ် (World Bank) ၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာပါ တွေ့ရှိချက်များကိုလေ့လာသုံးသပ်၍ (၆)လတစ်ကြိမ် ခြုံငုံ၍ မြန်မာ့စီးပွား ရေးစောင့်ကြည့်အစီရင်ခံစာကို ပြုစုထုတ်ပြန်လျက်ရှိပါသည်။
၂၀၂၃ ခုနှစ်အတွက် ဒုတိယအကြိမ်အစီရင်ခံစာဖြစ်သည့် “World Bank Myanmar Economic Monitor” စကားဝိုင်းဆွေးနွေးပွဲကို၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပခဲ့ကြပါသည်။
World Bank နှင့် UMFCCI တို့မှပြုလုပ် သော ပုဂ္ဂလိကကဏ္ဍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စကားဝိုင်းဆွေးနွေးပွဲသို့ World Bank ၏ Senior Economist, Mr. Kemoh Mansaray မှ Moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး Macroeconomics, Trade and Investment မှ Practice Manager, Mr. Sebastian Eckardt၊ ကုန်သည်စက်မှု အသင်းချုပ်ဒုတိယဥက္ကဋ္ဌဦးရဲမင်းအောင်၊ အထွေထွေအတွင်းရေးမှူးချုပ်ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ပိုင်တို့နှင့်အတူ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးသူရိန်ငြိမ်းမှ လည်းပါဝင်ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးချက်များတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သွင်းကုန်အစားထိုး၊ စိုက်ပျိုးရေး ထွက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၊ မူဝါဒရေးရာ၊ သွင်းကုန်/ပို့ကုန် လုပ်ငန်းကဏ္ဍများတွင် စိန်ခေါ်မှုများ၊ အခက်အခဲများ
စသည်တို့ကို ပြည့်ပြည့်စုံစုံဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းခဲ့ကြသည့်အပေါ် ပြန်လည်ဖြေကြားခဲ့ပါသည်။