16-August-2023

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ အလှူငွေနှင့် အလှူပစ္စည်းများ ကုန်သည် စက်မှုအသင်းချုပ်မှတစ်ဆင့် လှူဒါန်း

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ အလှူငွေနှင့် အလှူပစ္စည်းများ ကုန်သည် စက်မှုအသင်းချုပ်မှတစ်ဆင့် လှူဒါန်းခဲ့သော အသင်းချုပ် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ် အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်းပြည်ပမှ အလှူရှင်များကို ကျေးဇူးတင်ဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း အလှူရှင်များကိုယ်စား အသင်း၏တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ကုန်သည်စက်မှုအသင်းချုပ်မှတစ်ဆင့် မုန်တိုင်းဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် ပြည်တွင်းလုပ်ငန်းရှင်များသာမက ပြည်ပနိုင်ငံခြား အဖွဲ့အစည်းများ၊ ပြည်တွင်း အခြေစိုက် နိုင်ငံတကာကုန်သည်အသင်းများ၊ အသင်းချုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များက ပါဝင်လှူဒါန်းခဲ့ရာ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှလည်း အသင်းဝင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ငွေကျပ် (၁၃၅)သိန်းပါဝင်လှူဒါန်းခဲ့ပါသည် ...
(၁) မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း - ၁,၀၀၀,၀၀၀/-
(၂) Pro1 Global Home Center - ၂,၀၀၀,၀၀၀/-
(၃) Asia Light - ၁,၀၀၀,၀၀၀/-
(၄) City Mart Holding Ltd. - ၅,၀၀၀,၀၀၀/-
(၅) Jivaka Pharmacy - ၅၀၀,၀၀၀/-
(၆) ကိုမောင်မောင်ခင် (မြစ်ကြီးနား) - ၁,၀၀၀,၀၀၀/-
(၇) စိန်ဂေဟာ - ၂,၀၀၀,၀၀၀/-
(၈) MMRD Trading - ၁,၀၀၀,၀၀၀/-